ကျိုက်မရော၌ စားသုံးဆီ ဖူလုံရေး စမ်းသပ်စိုက်ပျိုးထားသော နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ကျိုက်မရော ဇန်နဝါရီ ၁၉

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ ဒေသတွင်း စားသုံးဆီ ဖူလုံပိုလျှံစေရေးအတွက် နတ်စမ်းကျေးရွာ၊ ဘုရားကုန်းကွင်းအမှတ်(၅၈၅ က)ဦးပိုင် အမှတ် ၄၆/၁ မှ တောင်သူဒေါ်ဘီဘီ  စိုက်ပျိုးထားသော (၁.၂၂) ဧကနှင့် အခြားတောင်သူများ စိုက်ပျိုးထားသော (၁၈)ဧကရှိ မျိုးစေ့ထုတ် ဆောင်းနေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။ ယခင်က အဆိုပါလယ်မြေများတွင် မတ်ပဲ၊ ပဲတောင့်ရှည်နှင့် စားဖိုချောင် သီးနှံများကိုသာ သီးထပ်စိုက်ပျိုးခဲ့ကြပြီး  ယခုစိုက်ပျိုးရေးဦးစီးဌာနက နေကြာစိုက်ပျိုးရန်လိုအပ်တဲ့ မျိုးစေ့နဲ့သွင်းအားစုများ ထုတ်ပေးခဲ့တာကြောင့်  စမ်းသပ်စိုက်ပျိုးခဲ့ရာ ၇၀ ရာခိုင်နှုန်းခန့်အောင်မြင် ဖြစ်ထွန်းခဲ့ပါတယ်၊ စိုက်ပျိုးနည်းပညာပိုင်းနှင့် ပတ်သက်၍လည်း စိုက်ပျိုးရေးဦးစီးဌာဝန်ထမ်းများ၏ နည်းပညာပေးမှုကြောင့် အောင်မြင်ဖြစ်ထွန်းခဲ့တာဖြစ်ကြောင်း တောင်သူဒေါ်ဘီဘီက ပြောသည်။

အဆိုပါ ဆီထွက် သီးနှံနေကြာများ အောင်မြင်ဖြစ်ထွန်းပါက မွန်ပြည့်နယ်၊ ကျိုက်မရောမြို့နယ်အတွင်း ဒေသတွင်းစားသုံးဆီများ ပေါများလာကာ  ကျန်းမာရေးနှင့် ညီညွတ်သော နေကြာဆီများကို ပြည်သူများ စျေးနှုန်းသက်သာစွာ စားသုံးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)