ပေါက်တော ဇန်နဝါရီ ၁၆
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကွယ်ရေးအတွက် မီးသတိမူရေး ကွင်းဆင်းစစ်ဆေးအကြံပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် (၉) နာရီ က ပေါက်တောမြို့ပေါ်ရှိ အမှတ်(၅)ရပ်ကွက်တွင် လယ်ကွင်းပြင်နှင့် ထိစပ်လျက်ရှိသော နေအိမ်များ မီးဘေးလုံခြုံရေးအတွက် မီးသတိမူရေး စစ်ဆေးအကြံပေးကြသည်။
ထိုသို့ စစ်ဆေးအကြံပေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒု-မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အတူ အမှတ်(၅)ရပ်ကွက်ရှိ လယ်ကွင်းပြင်နှင့် ထိစပ်လျက်ရှိသော နေအိမ်များအား ကောက်ရိုးပြတ်များ မီးမရှို့စေရေး၊ မီးတားလမ်းများ ဖောက်လုပ်ထားရှိစေရေး၊ မီးသတိမူရေး ဆောင်ရွက်ကြစေရန် စစ်ဆေးအကြံပေးကြသည်။
ထို့ပြင် မီးဘေးအန္တရာယ်ကင်းဝေးစေရန် ဆောင်ရန်၊ ရှောင်ရန် နည်းလမ်းများကိုလည်း ပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)