ကျွန်းလှမြို့နယ်၌ အသက် ၅ နှစ်မှ ၁၂ နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံပေး

ကျွန်းလှ ဇန်နဝါရီ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် အသက် ၅ နှစ်မှ ၁၂ နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း (ကျွန်းလှ) ၌ ထိုးနှံပေးကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးများ မထိုးနှံမီ ကျန်မာရေးဝန်ထမ်းများက ကျန်းမာ‌ရေးစစ်ဆေးခြင်း ဆောင်ရွက်ပေးပြီး ကျောင်းသား၊ ကျောင်းသူ (၄၃၄) ဦးအား ကိုဗစ်-၁၉ ကာကွယ်ရေးလမ်းညွှန်ချက်နှင့် အညီ စနစ်တကျ ထိုးနှံပေးကြသည်။

 အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကျွန်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဝင်းဇော်ဌေးနှင့် တာဝန်ရှိသူတို့က ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့သည်။

ထို့အပြင် အသက် ၁၅ နှစ်နှင့်အထက်၊ အသက် ၁၈ နှစ်နှင့် အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ