ကြံခင်းမြို့တွင် အောင်ချက်မြင့်မားရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ကြံခင်း ဇန်နဝါရီ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်ရာခိုင်နှုန်း မြင့်မားရေးလုပ် ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ကြံခင်းမြို့ဧရာဦးခန်းမတွင် ပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်က မြို့နယ်အနေဖြင့် တစ်နိုင်ငံလုံးတွင် (၅) နှစ်ဆက်တိုက် ပထမရရှိခဲ့သလို ဂုဏ်ထူးရကျောင်းသား/ သူ များပြားပေါ်ထွက်ခဲ့ပြီး အစဉ်အလာကောင်းများ ဆက်လက်ထိန်းသိမ်းကြဖို့လိုကြောင်း၊ ၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်ရာခိုင်နှုန်း မြင့်မားရေးဆောင်ရွက်ရမည့်အချက်များ၊ လုပ်ငန်းတာဝန် သတ်မှတ်ချက်များအား ပူးပေါင်းဆောင်ရွက်ကြရန် စိတ်ဓာတ်မြှင့်တင်ရေး ဟောပြောပွဲများ ပူးပေါင်းဆောင်ရွက်ရန်နှင့် ဆွေးနွေးအကြံပြုပေးရန် ပြောကြားပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူးသန်းထွဋ်က ကျောင်းသား/သူများ၏ ပညာရေးနှင့် စိတ်ဓာတ်မြှင့်တင်ရေး၊ အနာဂတ်မျိုးဆက်သစ်များပေါ်ထွက်လာစေရေး၊ အောင်ချက်ရာနှုန်းမြင့်မားရေးတွင် လိုအပ်ချက်အား ပူပေါင်းဆောင်ရွက်မှာဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြည်စိုးက အခြေခံပညာကျောင်းများသို့ ကွင်းဆင်းဟောပြောခြင်းဖြင့် ကျောင်းသား/သူများ၏မိဘများက သားသမီးများ အားပညာရေးနှင့်စိတ်ဓာတ်များမြင့်မားစေရေးတွင် ပူးပေါင်းဆောင်ရွက်ပေးနိုင်မှာဖြစ်ကြောင်း၊ လုံခြုံရေးအလေးထားဆောင်ရွက်ပေးမှာဖြစ်ကြောင်း တင်ပြပြောကြားပြီး တက်ရောက်လာကြသော မြို့နယ်စာနယ်ဇင်းအဖွဲ့ဥက္ကဋ္ဌ၊ မြို့မိ၊ မြို့ဖဥက္ကဋ္ဌနှင့်အဖွဲ့၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများက အောင်ချက်မြင့်မားရေးနှင့် ကျောင်းသား/သူများ စိတ်ဓာတ်မြှင့်တင်ရေး ဟောပြောပေးနိုင်ရန် ဝိုင်းဝန်းဆွေးနွေးကြရာ မြို့နယ်အတွင်း စာရေးဆရာအဖွဲ့များနှင့် ပူးပေါင်းပြီး မြို့နယ်အတွင်းရှိ အထက်တန်းကျောင်းများတွင် ဟောပြောခြင်း၊ ဆရာကြီး/ဆရာမကြီးများက သင်ကြားပို့ချသော ဘာသာရပ်များနှင့်ပတ်သက်ပြီး လေ့လာရမည့်အချက်များကို နေ့စဉ်သီးခြားအချိန်ပိုများဖြင့် သင်ကြားပြသပေးကြောင်း ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း (၆) ကျောင်းတွင် စုရပ်သတ်မှတ်ပြီး အတွင်းဖြေ၊ အပြင်ဖြေကျောင်းသား/သူ (၃၈၀) ဦးအား အောင်ချက်မြင့်မားရေးနှင့် စိတ်ဓာတ်မြှင့်တင်ရေး ဟောပြောပွဲဆောင်ရွက်နိုင်ရေးအတွက် ပေါင်းစပ်ပေးမည့်အချက်အား နိဂုံးချုပ်ပြောကြားပြီး အစည်းအဝေးရုပ်သိမ်းကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)