အမ်းမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် စက်သုံးဆီအရောင်းဆိုင်းများအား ရှောင်တခင်ဝင်ရောက်စစ်ဆေး

အမ်း ဇန်နဝါရီ ၁၆

ရခိုင်ပြည်နယ်၊ အမ်းခရိုင် အမ်းမြို့နယ်၌ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရေး၊ မီးဘေးသတိရှိရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် တာဝန်ရှိသူများမှ ယနေ့နံနက်က မြို့ပေါ်ရပ်ကွက်များအတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား ယမန်နေ့နံနက်က ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့သည်။

ထို့သို့ စက်သုံးဆီးအရောင်းဆိုင်များအား ရှောင်တခင်ဝင်ရောက်စစ်ဆေးရာတွင် အမ်းမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်ဆိုင်များအနေဖြင့် မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားသော စည်းကမ်းချက်များအား လိုက်နာဆောင်ရွက်မှု ရှိ၊ မရှိအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် မြိုနယ်မီးသတ်တပ်ဖွဲ့ မြို့နယ်ဦးစီးမှူး ဦးအောင်သန်းဋ္ဌေး မြို့နယ်ရဲတပ်ဖွဲ့မှူး စည်ပင်အမှုဆောင်အရာရှိ ဆည်မြောင်းအင်/ယာ လျှပ်စစ်အင်/ယာတို့က စက်သုံးဆီအရောင်ဆိုင်များအား ရှောင်တခင်ဝင်ရောက်စစ်ဆေး၍ စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင်များနှင့်တွေ့ဆုံကာ မြို့နယ်မီးသတ်ဦးစီးဌာနမှထုတ်ပြန်ထားသော စည်းကမ်းချက်နှင့်အညီရောင်ဝယ်ကြရန်နှင့် မီးဘေးကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးများနှင့် မီးသတ်ဆေးဘူးများ အဆင်သင့်ထားရှိရန်၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရန်/ ရှောင်ရန်များ၊ မီးဘေးအန္တရာယ်ကြုံတွေ့ရပါက သက်ဆိုင်ရာတာဝန်ရှိသူများထံ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ဆောင်ရွက်ကြရန် စသည့်အချက်အလက်တို့ကို အသိပညာပေးရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

မြို့နယ် (ပြန်/ဆက်)