မြို့သစ်တွင် ကျောင်းသား/ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်စကားဝိုင်းကျင်းပ

မြို့သစ် ဇန်နဝါရီ ၁၆

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် လူငယ်များဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ် စကားဝိုင်းကို ယနေ့နံနက်(၉)နာရီက မြို့သစ်မြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းဝိုင်းအတွင်း ကျောင်းအုပ် ဆရာကြီးရုံးခန်းရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာကြီး ဦးအုန်းလွင်က အမှာစကားပြောကြားပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းအိဇွန်က ယခုလို စကားဝိုင်းပြုလုပ်ရခြင်းသည် လူငယ်တွေ အသိပညာ ပိုမိုတိုးတက်လာစေရန်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်၊ လူအများရှေ့တွင် ပြောရဲဆိုရဲသည့် သတ္တိများရှိလာစေရန်၊ လူငယ်များအချင်းချင်းအသိပညာများကို တစ်ဦးနဲ့တစ်ဦး ဖလှယ်နိုင်​စေရန် ယဉ်ကျေးမှုများရှိပြီး ပူး​ပေါင်း​ဆောင်ရွက်တတ်စေရန်ရည်ရွယ်၍ ပြုလုပ်ပေးခြင်းဖြစ်​ကြောင်း​"ပြောကြားခဲ့သည်။

ထို့နောက် လူငယ်စကားဝိုင်းကို မြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းအိဇွန်က ဦးဆောင်ဆွေးနွေးကာ ကျောင်းသား၊ ကျောင်းသူ(၆)ဦးတို့က "လူငယ်နှင့်အားကစား၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်ကြီးပွားရေး၊ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်ယဥ်ကျေးမှုတန်ဖိုး၊ လူငယ်နှင့်စာဖတ်ခြင်းအကျိုးကျေးဇူး" အစရှိသည့်​ခေါင်းစဉ်များဖြင့်ဆွေး​နွေးခဲ့သည်။

ဆက်လက်၍ တက်ရောက်လာသည့် ကျောင်း သား/ကျောင်းသူများက မိမိတို့သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ သက်ဆိုင်ရာခေါင်းစဉ်အလိုက် ပြန်လည်ဆွေးနွေးကြကြောင်း သိရသည်။ အဆိုပါဆွေးနွေးပွဲသို့ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူစုစု‌ပေါင်း (၁၅၀)ဦးခန့်တက်ရောက်ကြောင်း သိရသည်။

သန်းဝင်းထွန်း