ကန့်ဘလူမြို့၌ အခြေခံစားသောက်ကုန်များနှုန်းချိုသာစွာရောင်းချ၊ အခမဲ့ကျန်းမာရေးစောင့် ရှောက်ခြင်းများ ဆောင်ရွက်ပေး

ကန့်ဘလူ ဇန်နဝါရီ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် ရပ်ကွက်နေပြည်သူများအား အခြေခံ စားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ စီစဥ်ဆောင်ရွက်မှုဖြင့် ဇန်နဝါရီ ၁၆ ရက်နံနက် ၇ နာရီက စည်ပင်သာယာခန်းမ၌ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ရောင်းချ​ပေးရာတွင် ရပ်ကွက်နေပြည်သူများ လွယ်ကူအဆင်ပြေစွာ ဝယ်ယူနိုင်ရေးတို့အ တွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဆန်တစ်ပြည်၊ ဆီ ၁၀ ကျပ်သား၊ ငါးခြောက် ၁၀ ကျပ်သားနှင့်ကြက်ဥငါးလုံးစသည့် ပစ္စည်းလေးမျိုးတို့ကို ကျပ် ၃၀၀၀ နှုန်းဖြင့် ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် အဆိုပါခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသက် ၁၈နှစ် နှင့်အထက် ပြည်သူများအားပထမအကြိမ်၊ ဒုတိယအကြိမ်နှင့်ထပ်ဆောင်း ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ထမ်းများက စနစ်တကျထိုးနှံပေးပြီး၊ ကျန်းမာရေး ဆေးပေးခန်းဖွင့်လှစ်၍ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)