ဟုမ္မလင်းမြို့၌​နာဂရိုးရာနှစ်သစ်ကူး အထိမ်းအမှတ်ပွဲတော်ကျင်းပ

 

ဟုမ္မလင်း ဇန်နဝါရီ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၌ နာဂရိုးရာစာပေနှင့် ယဥ်ကျေးမှုကော်မတီမှ စီစဥ်ကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ်၊ နာဂရိုးရာနှစ်သစ်ကူး အထိမ်းအမှတ်ပွဲတော်ကို ယမန်နေ့ ည (၃) နာရီ အချိန်က နန်ဖွတ်မော်ရပ်ကွက်၊ နာဂရိုးရာကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားကို နာဂအကြီးအကဲများနှင့် ဧည့်သည်တော်များက နာဂရိုးရာ ဘန်တုံးထုခြင်းဖြင့် အခမ်းအနားဖွင့်လှစ်ပြီး၊ နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုကော်မတီ နာယကကြီး ဦးလှထွန်းက နှစ်သစ်ကူးနှုတ်ခွန်းဆက် အမှာစကားကြားခြင်း၊ နာဂရိုးရာနှစ်သစ်ကူးပွဲတော် ဖြစ်ပေါ်လာပုံအား ဒေါ်ဇူလိုင်ပန်းက ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဟုမ္မလင်းမြို့နယ်နာဂရိုးရာ စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ တာဝန်ရှိသူများ၊ နာဂတိုင်းရင်း သားများ၊ ရှမ်း၊ ချင်းတိုင်းရင်းသားများ၊ ဖိတ်ကြားထားသောဧည့် သည်တော်များ တက်ရောက်ခဲ့ကြပြီး၊ တက်ရောက်လာသူများအား နာဂရိုရား အစားအစာနှင့် ခေါင်ရည်များဖြင့် တည့်ခင်းဧည့်ခံခဲ့ကြပြီး၊ မီးပုံဝိုင်း​ဖြင့်စုပေါင်း၍ အိုလေးအိုး---အိုးလေးအိုး သီးချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

နာဂရိုးရာနှစ်သစ်ကူးနေ့သည် တောင်ယာ၊ လယ်ယာ၊ လုပ်ငန်းများပြီးစီးသည့်အချိန်ဖြစ်၍ လုပ်ငန်းအတွေ့အကြုံဖလှယ်ခြင်း၊ ရှေ့လာမည့်နှစ်အတွက် လုပ်ငန်းများညှိနှိုင်းခြင်း၊ လုပ်မှားကိုင်မှားအပြစ်များဝန်ခံခြင်း၊ တောင်းပန်းခြင်း၊ လာမည့်နှစ်များတွင် ဆန်ရေစပါး ပေါများအောင်ဆုတောင်းခြင်း၊ ရပ်ဝေး၊ ဆွေမျိုးများနှင့်ပြန်လည် ဆုံတွေ့နိုင်ရန် ဆုတောင်းခြင်းများ ပြုလုပ်သည့်ပွဲတော်များပင်ဖြစ်ကြောင်း သိရသည်။

လင်းလင်း(ပြန်/ဆက်)