လွိုင်လင် ဇန်နဝါရီ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီက ခရိုင်ဘက်စုံသုံးခန်းမ၌ကျင်းပရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းတက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
အစီအစဉ်အရ မြို့နယ်ပညာရေးစုံညီပွဲတော်ဆိုင်းဘုတ်အား တိုင်းမှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့် ခရိုင်ပညာရေးမှူးဒေါက်တာမြင့်မြင့်အေးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ယင်းနောက် တိုင်းမှူးနှင့်အကြီးအကဲများက ဘင်ခရာပန်းဖွားအကအဖွဲ့များ၏ တင်ဆက်ကပြမှုကိုလည်းကောင်း၊ အခြေခံပညာကျောင်းများ၏ ပြခန်းများကိုလည်းကောင်း ကြည့်ရှုအားပေးကြသည်။ ဆက်လက်၍အခမ်းအနားဒုတိယပိုင်း အစီအစဉ်ကိုကျင်းပရာ လွိုင်လင်မြို့ အလက(၁)ကျောဂ်းသား/သူလေးများက စုံညီပွဲတော်တို့နွဲပျော်သီချင်း သီဆို၍ဖွင့်လှစ်ပါသည်။ ယင်းနောက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးမှ အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ခရိုင်ပညာရေးမှူးမှ စုံညီပွဲတော်ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ဂုဏ်ထူးရရှိအောင်သင်ကြားပေးကြသော ဆရာ/ဆရာမများအား ဂုဏ်ပြုချီးမြှင့်ခြင်းတွင် တိုင်းမှူးနှင့်တပ်မတော်အရာရှိများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက ဆုများအသီးသီးချီးမြှင့်ပေးကြသည်။ ဆက်လက်၍ကျောင်းသူ၊ ကျောင်းသားများ၏ ဖျော်ဖြေရေးအစီကိုဆက်လက်ကျင်းပသည်။ ထို့နောက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီးတို့က ဘင်ခရာအဖွဲ့များအား ချီးမြှင့်ငွေကျပ်ငါးသိန်း၊ ပညာရေးပြခန်းများအတွက်ချီးမြှင့်ငွေ ကျပ်ငါးသိန်း၊ ကပြဖျော်ဖြေကြသည့် ကျောင်းသား/သူများအား ချီးမြှင့်ငွေကျပ်ငါးသိန်းနှင့် စုံညီပွဲတော်ကျင်းပခြင်းအတွက် အလှူငွေကျပ် ၁၀ သိန်းတို့ကို ချီးမြှင့်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်