ပျဉ်းမနားမြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် မြို့နယ်အဆင့် အောင်ချက်အကောင်းဆုံးကျောင်းများအား ဆုပေးပွဲနှင့် ၂၀၂၂-၂၀၂၃ ပညာရေးစုံညီပွဲတော်အခမ်းအနားကျင်းပ

ပျဉ်းမနား ဇန်နဝါရီ ၁၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ဘောဂဝတီအခြေခံပညာမူလတန်းကျောင်းတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် မြို့နယ်အဆင့် အောင်ချက်အကောင်းဆုံးကျောင်းများအား ဆုပေးပွဲနှင့် ၂၀၂၂-၂၀၂၃ ပညာရေးစုံညီပွဲတော်အခမ်းအနားကို ဇန်နဝါရီလ (၁၃)ရက်နေ့ နံနက်(၁၀) နာရီ အချိန်က အဆိုပါကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားကို "မြန်မာ့ကျောင်းသား"သီချင်း ဖြင့်ဖွင့့်လှစ်ခဲ့ပြီး နေပြည်တော်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ထွေးထွေးစန်းက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ပျဉ်းမနားခရိုင် ခရိုင်ပညာရေးမှူး ဒေါ်ဝင်းဝင်းအေးက ပညာရေးစုံညီပွဲတော်ကျင်းပရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ပျဉ်းမနားမြို့နယ်ပညာရေးမှူး ဦးတင်ဆန်းက ကျေးဇူးတင်စကားကိုလည်းကောင်း အသီးသီးရှင်း လင်းပြောကြားခဲ့သည်။

ယင်းနောက် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် မြို့နယ်အဆင့် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အများဆုံးရရှိသော ကျောင်းများနှင့်၂၀၂၂-၂၀၂၃ ပညာရေးစုံညီပွဲတော်တွင် ကာယ၊ ဉာဏ ထူးချွန်ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၄၇)ဦးအား နေပြည်တော်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ထွေးထွေးစန်းနှင့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက တေးသရုပ်ဖော် အကအလှများဖြင့် ဖျော်ဖြေကပြခဲ့ကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ ဆက်)