မိုင်းလုံမြို့ နယ်မြေမီးသတ်စခန်းမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မိုင်းလုံ ဇန်နဝါရီ ၁၄

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရေး၊ မီးဘေးသတိရှိရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများက နယ်မြေမီးသတ်စခန်းမှ ယနေ့နံနက်(၁၀)နာရီအချိန်ခန့်က ရပ်ကွက်များအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် မိုင်းလုံမြို့တွင်းရှိ ဓါတ်ဆီဆိုင်များ၊ မီးနေ့စဉ်အသုံးပြုရသော စားသောက်ဆိုင်များရှိ မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများနှင့် မီးဘေးစိုးရိမ်ရသော ဆက်စပ်ပစ္စည်းများအား စစ်ဆေးခြင်းနှင့် မြို့နေပြည်သူများအနေဖြင့် မီးအသုံးပြုရာတွင် စနစ်တကျ အသုံးပြုရန်၊ နေအိမ်များတွင် မီးဘေးကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးများနှင့် မီးသတ်ဆေးဘူးများ အဆင်သင့်ထားရှိရန်၊ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် ဆောင်ရန်/ ရှောင်ရန်များ၊ မီးဘေးအန္တရာယ် ကြုံတွေ့ရပါက သက်ဆိုင်ရာတာဝန်ရှိသူများထံ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ ဆောင်ရွက်ကြရန် စသည့်အချက်အလက်တို့ကို အသိပေးရှင်းလင်းဆွေးနွေးရာ ကွင်းဆင်းစစ်းဆေးရာတွင် လက်ထောက်မီးသတ်ဦးစီးမှူး ဦးမျိုး‌ဇော်ထက်နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။ 

ဇော်ဇော်(ပြန်/ ဆက်)