ပေါက်တောမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်း တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူ

ပေါက်တော ဇန်နဝါရီ ၁၃

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊  ပေါက်တောမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်း တိကျမှန်ကန်စွာ ကောက်ယူနိုင်ရေးအတွက် မြေပြင်တစ်အိမ်တစ်ဆင်း ကွင်းဆင်းစာရင်း ကောက်ယူခြင်းအဖွဲ့ ၈၅ ဖွဲ့ ဖွဲ့ကာ စာရင်းကောက်ယူလျက်ရှိကြောင်း သိရသည်။

ထိုသို့ မြေပြင်တစ်အိမ်တစ်ဆင်းကွင်းဆင်းစာရင်း ကောက်ယူနေမ အခြေအနေများကို ပေါက်တောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစောထွန်းဖြူ၊ တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြောင်း သိရသည်။

ပေါက်တောမြို့နယ်အတွင်းရှိ စာရင်းကောက်ရပ်ကွက် ၅ ရပ်ကွက်နှင့်  ကျေးရွာအုပ်စု ၅၃ အုပ်စုရှိပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၉ ရက်မှ ၃၁ ရက်နေ့အထိ သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးနိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးစောထွန်းဖြူက ပြောကြားသည်။

ဝင်းမင်းစိုး(ပြန်/ဆက်)