ကျောက်တော်မြို့၌ မူလတန်းအဆင့် ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနား ကျင်းပ

ကျောက်တော် ဇန်နဝါရီ  ၁၃

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့၌ ၂၀၂၂-၂၀၂၃ ခု ပညာသင်နှစ် မြို့နယ်ပညာရေးမှုးဒိုင်း မူလတန်းအဆင့်ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနားကို  ယမန်နေ့ ည​နေ  ၅ နာရီအချိန်က အထက (ကျောက်တော်) အခြေခံပညာ အထက်တန်းကျောင်းရှေ့အား ကစားကွင်းအတွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မူလတန်းအဆင့် ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဦးသိန်းမြိုင်က အဖွင့်အမှာစကား ပြောကြားရာ၌ ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျန်းမာကြံ့ခိုင်ပြီး ပညာရည်ပြည့်ဝသော နိုင်ငံသားကောင်းများ ဖြစ်ပေါ်လာစေရန်အတွက်  ရည်ရွယ်ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဆုပေးပွဲ အခမ်းအနားအား ကျင်းပပြုလုပ်ရာ မူလတန်းအဆင့် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ရှေးတန်းအကောင်းဆုံးဆု၊ အလယ်တန်းအကောင်းဆုံးဆု၊ နောက်တန်းအကောင်းဆုံးဆုရရှိသော အားကစားသမားများအား ကျောင်းအုပ်ဆရာကြီးများမှလည်းကောင်း  ၊အမျိုးသမီး ထုတ်ဆီးထိုးပြိုင်ပွဲတွင် ပထမဆု ရရှိသော ဝဲကြီးထောင့်အသင်းနှင့် ဒုတိယဆုရရှိသော ရွှေပြည်အသင်းအား လည်းကောင်း၊ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသော ဒုက္ကန်ချောင်းအသင်းနှင့် ဒုတိယဆုရရှိသော သရက်တပင်အသင်းအား အသင်းလိုက်ဆုတံဆိပ်များနှင့် ငွေသားဆုများအား တာဝန်ရှိသူများမှ ဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက်ပြီး မြို့နယ်ပညာရေးမှူးမှ အမျိုးသားဘောလုံးပြိုင်ပွဲ ပထမဒိုင်းဆုအား ဒုက္ကန်ချောင်းဘောလုံး အသင်းအားလည်းကောင်း၊ အမျိုးသမီးထုတ်ဆီးထိုးပြိုင်ပွဲတွင် ပထမဒိုင်းဆုရရှိသော ဝဲကြီးထောင့်အသင်းအား အထက(ခွဲ)ရှမ်းရကျောင်းအုပ် ဆရာကြီးမှ ဆုများပေးအပ်ခဲ့ပြီး  မှတ်တမ်းတင်ဓါတ်ပုံများ အမှတ်တရ ရိုက်ကူးခဲ့ပြီး ဆုပေးပွဲ အခမ်းအနားအား အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ခင်မောင်ထွန်း