မင်းဘူး(စကု)မြို့နယ် မြို့နယ်အဆင့် ကျောင်းပေါင်းစုံ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန် ဘက်စုံထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

မင်းဘူး ဇန်နဝါရီ ၁၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ မြို့နယ်အဆင့် အခြေခံပညာကျောင်းပေါင်းစုံ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန် ဘက်စုံထူးချွန်ဆုများ ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မင်းဘူးမြို အ.ထ.က (၂) မှ ကျောင်းသား၊ ကျောင်းသူလေးများက “ပြည်မြန်မာ’’ သီချင်းဖြင့် သီဆိုကပြ၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး မင်းဘူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီးတင့်ကျော်က အဖွင့်အမှာစကားပြောကြားကာ မြို့နယ်ပညာရေးမှူး ဒေါ်သွယ်သွယ်က ပညာရေး စုံညီပွဲတော် ကျင်းပပေးရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဘာသာစုံဂုဏ်ထူးဖြင့် အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများ၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ဘက်စုံထူးချွန်သော ဆရာ/ဆရာမများ၊ မြို့နယ်ဖွံ့ဖြိုးရေး ပြိုင်ပွဲများတွင် ထူးချွန်ကြသော ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၂၆၄) ဦးတို့အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီးတင်ကျော်၊ ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စွာထွန်းနှင့် တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး မင်းဘူးမြို့ အ.ထ.က (၁) နှင့် အ.ထ.က (၂) မှ ကျောင်းသား၊ ကျောင်းသူလေးများက “ထာဝရမြန်မာ’’၊  “ဇာတိမာန်’’ စသော သီချင်းများအား တေးသရုပ်ဖော် အကအလှများဖြင့် သီဆိုဖျော်ဖြေ၍ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်အား ပျော်ရွှင်စွာဆင်နွဲခဲ့ကြောင်း သိရသည်။

ဇေယျာထက်(မင်းဘူး)