မုံရွာ ဇန်နဝါရီ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့၌ လူဦးရေစာရင်းမှန်ကန်စေရေး မြေပြင် တစ်အိမ်တက်ဆင်း တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းကို ဇန်နဝါရီလ ၉ ရက် နံနက် ၈ နာရီက စတင်ကွင်းဆင်း ကောက်ယူခဲ့သည်။
အဆိုပါကွင်းဆင်းကောက်ယူရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွဋ်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များ၊ မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့ (၁၁)ဖွဲ့တို့က အမှတ်(၃) ရပ်ကွက်အတွင်း တစ်အိမ်တက်ဆင်း ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ ယင်းသို့ ကွင်ဆင်းကောက်ယူရာတွင် စာရင်းကောက်အဖွဲ့များ၏ လုံခြုံရေးအတွက် နယ်မြေခံတပ်နယ်နှင့် မြို့နယ်ရဲတပ်ဖွဲ့တို့က လိုက်ပါဆောင်ရွက်ခဲ့သည်။
လူဦးရေစာရင်းမှန်ကန်စေရေး မြေပြင်တစ်အိမ်တက်ဆင်း တိုက်ဆိုင်စစ်ဆေး ဇန်နဝါရီလ (၉)ရက်နေ့မှ စတင်ကွင်းဆင်းကောက်ယူခဲ့ရာ ယနေ့အချိန်ထိ အိမ်ထောင်စု (၉၆၂) စု၊ လူဦးရေ စုစုပေါင်း (၃၇၃၂) ဦး ကောက်ယူပြီးစီးပြီ ဖြစ်ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)