ရေတာရှည်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပပြုလုပ်

ရေတာရှည် ဇန်နဝါရီ  ၁၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက် ၁၀:၀၀ နာရီအချိန်က စာရေးဆရာ ​မောင်​ပေါ်ထွန်းရေးသားသည့် "ငါ့ဘဝငါသာသခင်ငါသာဘုရင်"စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်​​​အေးဆုစံမှ စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ အကျိုးကျေးဇူးနှင့်ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားပြီး "ဘာစာအုပ်ကို ဘယ်လိုဖတ်မလဲ"​ခေါင်းစဉ်ဖြင့်လည်း​ကောင်း၊ (Book Club)အဖွဲ့ဝင်​ဦးမြင့်ဦးက"ကိုယ့်ဘဝကိုယ် ဖန်တီးပါ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ (Book Club)အဖွဲ့ဝင်ဦး​ငွေစိုးမှ"အချိန်ကိုအကျိုးရှိစွာ အသုံးချပါ" ခေါင်းစဉ်ဖြင့်လည်းကောင်း(Youth Club)အဖွဲ့၀င် မဇူးသဇင်မှ "အားလပ်ချိန်မှာပညာရှာ" ခေါင်းစဉ်ဖြင့်လည်းကောင်း  ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။

အဆိုပါ စာဖတ်ဝိုင်းပြုလုပ်ရခြင်းကြောင့် စာဖတ်သူများအနေဖြင့် စာရေးဆရာများ၏ အတွေ့အကြုံများ၊ အသိပညာ၊ ဗဟုသုတတို့ကို ရရှိသည့်အပြင် အချင်းချင်းရင်းနှီးစွာဖြင့် အတွေးအမြင်များ ဖလှယ်နိုင်ပြီး စာဖတ်ခြင်း၏အကျိုးကျေးဇူးများကိုလည်း ပိုမိုသိရှိနားလည်လာကာ စာဖတ်နှုန်းများ ပိုမိုတိုးတက်လာစေရန် ရည်ရွယ်၍  စာ​ဖတ်ဝိုင်းများ လစဉ်ဆောင်ရွက်​ပေးလျက်ရှိကြောင်း သိရသည်။

ရေတာရှည်(ပြန်/ဆက်)