ပန်းတနော်မြို့နယ်တွင် ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းနှင့် တိုင်းရင်းဆေးများ အခမဲ့ဖြန့်ဝေ

ပန်းတနော် ဇန်နဝါရီ ၁၃

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက အနောက်ပိုင်းရပ်ကွက် အ.မ.က (၁)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးအသိပညာပေး ဟောပြောခြင်း ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောရာတွင် ကျောင်းသား၊ ကျောင်းသူများအား တိုင်းရင်းဆေးပညာ ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နော်အယ်လားဖောက တိုင်းရင်းဆေးပညာအကြောင်း သိကောင်းစရာ အကြောင်းအရာများနှင့် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးခိုင်လွှမ်းမိုးက စားသုံးရန်မသင့်သော အစားအသောက်များနှင့် စားသုံးသူရေးရာ သိကောင်းစရာများကို အသိပညာပေးဟောပြောခဲ့ပြီး မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနမှ တိုင်းရင်းဆေးပညာဖြင့် ဖော်စပ်ထားသော လေအောက်၊ ဝမ်းကိုက်၊ ချောင်းဆိုး၊ ယားနာ စသည့် ဆေးများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ ဆက်)