ရွှေတောင် ဇန်နဝါရီ ၁၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် နွားမယံအုပ်စု၊ အ.လ.က ခလရ(၁၄)ကျောင်းတွင် ယနေ့နံနက်ပိုင်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်ကာကွယ်တားဆီးရေးဟောပြောပွဲကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဟံဝင်းအောင်မှ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးနိုင်စိုးမှ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် သိကောင်းစရာများနှင့် မှုခင်းကျဆင်းရေးအကြောင်း၊ မြို့နယ်ဥပဒေအရာရှိဦးဇာနည်ထက်က မူးယစ်ဆေးဝါးဆိုင်ရာဥပဒေအကြောင်းအရာများကို ကျောင်းသား/ သူများအားဟောပြောဆွေးနွေးခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဟံဝင်းအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးနိုင်စိုး၊ မြို့နယ်စခန်းမှူးဒုရဲမှူးသိုက်စိုး၊ မြို့နယ်ပညာရေးမှူးဦးကျော်ဦး၊ ဒုမြို့နယ်ပညာရေးမှူးဦးအောင်မျိုးထွဋ်၊ မြို့နယ်ဥပဒေအရာရှိ ဦးဇာနည်ထက်၊ ဆရာ/ ဆရာမများကျောင်းသား/သူများ စုစုပေါင်းအင်အား (၁၁၆)ဦး တက်ရောက်ခဲ့ကြပြီး ကျောင်းသား/ သူလေးများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ ဆက်)