ပဲခူး ဇန်နဝါရီ ၁၃
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ မွန်းလွဲပိုင်းက ဘုရားကြီးမြို့၊ အမှတ် (၁) ရပ်ကွက်တွင် အိမ်ထောင်စု လူဦးရေစာရင်းပုံစံ(၆၆/၆)အား မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ ရပ်ကွက်နေပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ခရိုင်(၆)ခု၊ မြို့နယ်(၂၈)မြို့နယ်၊ မြို့ပေါ်ရပ်ကွက်(၃၂၈)ခု၊ ကျေးရွာပေါင်း (၆၅၀၀)ရှိပြီး အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆) တိုက်ဆိုင်စစ်ဆေးရန် အိမ်ထောင်စု(၁၄၆၄၅၅၈)စုအား ဇန်နဝါရီလ(၉)ရက်နေ့မှစ၍ မြေပြင်စာရင်း ကောက်ယူရေးအဖွဲ့ (၂၂၉၁) ဖွဲ့ ဖြင့် မြေပြင်ကွင်းဆင်း ကောက်ယူလျက်ရှိကာ သတ်မှတ်ကာလအတွင်းလုပ်ငန်းများ အချိန်မီပြီးစီးရေး ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)