ဓနုဖြူ ဇန်နဝါရီ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူနယ်တွင်၊ ၂၀၂၂-၂၀၂၃ပညာသင်နှစ် အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)အကျော်၏ ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံထူးချွန်ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းကကျောင်းခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ကျောင်းသားကျောင်းသူများမှ စုံညီပွဲတော်တို့ နွဲပျော်သီချင်းဖြင့် အခမ်းအနား ဖွင့်လှစ်ကာ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးဟိန်းထက်ဇော် နှင့်အဖွဲ့ဝင်(၂) ဦးစိန်မောင်ဝင်းတို့မှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးလှဌေး၊ အကျော်ကျေးရွာအုပ်ချုပ်ရေးမှူး မိဘဆရာ အသင်းဥက္ကဋ္ဌ ဦးအောင်မှတ်နှင့် အထက(ခွဲ)အကျော် ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်ဦးလှိုင်တို့က အမှာစကားပြောကြာခဲ့ပြီး၊ ကျောင်းသား၊ ကျောင်းသူများမှ နှလုံးသားကို အလှဆင်ပါသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့သည်။
ဆက်လက်၍ ၂၀၂၂-၂၀၂၃ ပညာရေးနှစ်တွင်ဘက်စုံထူးချွန်ဆုရရှိခဲ့သော ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများအား တက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများမှ ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြပြီး၊ ကျောင်းသား၊ ကျောင်းသူများမှ တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ မိဘများအား အကများဖြင့် ဖျော်ဖြေ တင်ဆက်ပေးခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)