ပန်းတောင်း ဇန်နဝါရီ ၁၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် “လူငယ်စကားဝိုင်း”ကို ယနေ့နံနက်(၉)နာရီခွဲက အ.ထ.က (ဆင်တဲ) အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အ.ထ.က (ဆင်တဲ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြတ်မြတ်ထွေးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်းသင်းအေးက လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ အသိဉာဏ်ပညာဗဟုသုတ ပိုမိုရရှိစေရန်၊ စကားပြောအတတ်ပညာကျွမ်းကျင် တတ်မြောက်ပြီး ရဲဝံ့စွာပြောဆိုတတ်စေရန်၊ ဉာဏ်ပညာကြီးမားပြီး အတွေးအခေါ်မျှတသည့် လူငယ်များ ဖြစ်လာစေရန်ရည်ရွယ်၍ ဆောင်ရွက်တာဖြစ်ကြောင်းပြောကြားခဲ့၍ Moderator အဖြစ်ဆောင်ရွက်ကာ Grade 11 ကျောင်းသူ ၅ ဦးကဆွေးနွေးခဲ့ရာ Grade-11 မှ မလင်းလက်လက်အောင်က လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 မှ မအိအိမိုးက လူငယ်နှင့် အောင်မြင်မှုခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 မှ မထက်အိန္ဒြေဝင်းက လူငယ်နှင့်အယုံလွယ်ခြင်းခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade-11 မှ မယမင်းဇာခြည်သွယ်က လူငယ်နှင့်အခွင့်အလမ်း ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade-11မှ မထက်ထက်နိုင်က လူငယ်နှင့်ကျော်ကြားမှုခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းရာ ဦးဆောင်ဆွေးနွေးသူများမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ ကြောင်း သိရသည်။
သင်းသင်းအေး(ပြန်/ ဆက်)