ဇလွန် ဇန်နဝါရီ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် စုံညီပွဲတော် ထူးချွန်ဆုနှင်းသဘင်အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီတွင် အ.ထ.က(၁)ဇလွန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို အ.မ.ကညောင်ပင် စျေးကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက စုံညီပွဲတော် တေးသီချင်းသီဆို၍ ဖွင့်လှစ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးတင်ထွန်းအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးဖုန်းဇော်က မြို့နယ်ပညာရေးစုံညီပွဲတော်ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးတင်ထွန်းအောင်နှင့် တာဝန်ရှိသူများက လူရည်ချွန်ဆု၊ အင်္ဂလိပ်စာစွမ်းရည်ဆု၊ သင်္ချာစွမ်းရည်ဆု၊ ဉာဏဆု၊ ကာယဆုများ ရရှိသောကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့် ခဲ့ကြသည်။
ဝေယံ-ဇလွန်(ပြန်/ဆက်)