ကြံခင်းမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်း တိကျမှန်ကန်စေရေး တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူ

ကြံခင်း ဇန်နဝါရီ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်း ကောက်ယူခြင်းကို ဇန်နဝါရီ(၉)ရက်နေ့မှ စတင်ပြီး (Working Group) အဖွဲ့ (၅၆)ဖွဲ့ဖြင့်၊ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု (၃၅)အုပ်စုမှ အိမ်ထောင်စုများသို့ တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူကြကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းကောက်ယူရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်လူဦးရေစာရင်း မြေပြင်ကွင်းဆင်း ကောက်ယူရေးကြီးကြပ်မှု ကော်မတီအဖွဲ့နှင့် တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်၍ စာရင်းများ ကောက်ယူရာတွင် မှားယွင်းမှု မရှိစေရေး၊ ကောက်ကွက်အလိုက် အပြည့်အဝ ကောက်ယူနိုင်ရေး၊  လူဦးရေမထပ်၊ မကျန်စေရေးတို့အတွက် လိုအပ်ချက်များအား ပူးပေါင်းပေါင်းစပ် ဆောင်ရွက်ခဲ့ကြသည်။

ကြံခင်းမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စုများမှ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရာတွင် အိမ်ထောင်စု (၁၀၃၃၁) စု၊ လူဦးရေ( ၃၀၁၄၄ ) ဦးအား ဇန်နဝါရီလ (၉)ရက်နေ့မှ (၁၂) ရက်နေ့အထိ (၂၉.၂၅) ရာခိုင်နှုန်း ကောက်ယူပြီးစီးကြောင်း    မြို့နယ်လူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူထံက သိရသည်။ 

မြို့နယ်(ပြန်/ဆက်)