ဗုဒ္ဓတက္ကသိုလ် (ကျွန်းလှ) သံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်းလှူ

ကျွန်းလှ ဇန်နဝါရီ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ ဗုဒ္ဓတက္ကသိုလ်(ကျွန်းလှ) သံဃာတော်များအား ယနေ့နံနက် ၇ နာရီက ဒေသခံပြည်သူများက ဆွမ်းဆန်စိမ်း လောင်းလှူကြကြောင်း သိရသည်။

အဆိုပါ ဗုဒ္ဓတက္ကသိုလ် (ကျွန်းလှ)၌ သီတင်းသုံးတော်မူသော စာချ၊ စာသင် သံဃာတော်အပါး ၉၀ ကျော်တို့အား ကျွန်းလှမြို့ပေါ်ရပ်ကွက်နေ ပြည်သူများက ဆွမ်းဆန်စိမ်းနှင့် လှူဘွယ်ပစ္စည်းများ လောင်းလှူကြသည်။

ထို့အပြင် ဆရာတော် သံဃာတော်များ ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ရပ်ဝေးရပ်နီးအလှူရှင်များ၊ ဒေသခံပြည်သူများက အလှည့်ကျ ဆက်ကပ်လှူဒါန်းလျက်ရှိကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ