ရမ်းဗြဲ ဇန်နဝါရီ ၁၃
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်းနှင့် မြေပြင်ရှိလူဦးရေစာရင်းများ တိကျမှန်ကန်မှုရှိစေရေးအတွက် တစ်အိမ်တက်ဆင်း တိုက်ဆိုင်စစ်ဆေးမှုလုပ်ငန်းများကို ရမ်းဗြဲမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့မှစတင်ပြီး မြေပြင်စာရင်းကောက်ယူရေးအဖွဲ့များမှ စတင်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီအချိန်က ရမ်းဗြဲမြို့ပေါ်ရှိ အမှတ်(၄)၊ အမှတ်(၅)၊ အမှတ်(၆)ရပ်ကွက်နေ ပြည်သူများ၏ အိမ်ထောင်စုလူဦးရေစာရင်းနှင့် မြေပြင်ရှိလူဦးရေစာရင်းများ မှန်ကန်မှုရှိစေရေးအတွက် တိုက်ဆိုင်စစ်ဆေးခြင်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြေပြင်စာရင်းကောက်ယူရေးအဖွဲ့များက အိမ်ထောင်စာရင်းရှိလူဦးရေစာရင်းတွင်ပါရှိသူများအား မိဘအမည်၊ မွေးသက္ကရာဇ်၊ နိုင်ငံသားစိစစ်ရေးကတ်ပြား မှန်ကန်မှု ရှိ/မရှိ စစ်ဆေးခြင်း အိမ်ထောင်စုစာရင်းရှိလူဦးရေနှင့် မြေပြင်ရှိလူဦးရေမှန်ကန်မှု ရှိ / မရှိ စစ်ဆေးခြင်းများဆောင်ရွက်ပေးပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများမှ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြသည်။
အဆိုပါဆောင်ရွက်ရာ၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာ၊ မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများမှ တစ်အိမ်တက်ဆင်းစာရင်းကောက်ယူတိုက်ဆိုင်စစ်လျက်ရှိရာ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ လူမှုရေးအသင်းအဖွဲ့များမှ ပူပေါင်းဆောင်ရွက်ပေးလျက်ပြီး ၎င်းစာရင်းကောက်ယူရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်သန်းက လာရောက်အားပေးကြည့်ရှုခဲ့ကြောင်း သိရသည်။
အောင်နိုင်