မော်လမြိုင်ကျွန်းမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပ

မော်လမြိုင်ကျွန်း ဇန်နဝါရီ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊‌ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာ‌ပေး ဟောပြောပွဲအား ယမန်နေ့နေ့လည် ၁:၃၀ နာရီအချိန်က အနောက်တောင်တိုင်းစစ်ဌာနချုပ်နယ်မြေ၊ အမှတ်(၅၃၄)ခြေမြန်တပ်ရင်း၊ တပ်တွင်း အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နှင်းမိုးလှိုင်က အားကစားနှင့်လူငယ် ရေးရာ သိကောင်းစရာများအကြောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးမှူး ဦးမင်းဇော်လတ်က စားသုံးသူကာကွယ်ရေး သိကောင်းစရာများအကြောင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဇာဇာလင်းက သဘာဝ ဘေးအန္တရာယ်ကာကွယ်ရေး သိကောင်းစရာများအကြောင်း၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ရတနာမော်က သက်ငယ်မုဒိန်းလျော့ချရေး သိကောင်းစရာများအကြောင်း၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဦးအောင်အောင်က မူးယစ်ဆေးဝါးအန္တရာယ် သိကောင်းစရာများအကြောင်း၊ မြို့နယ် (၁၆) ခုတင်ဆံ့ တိုင်းရင်း‌ ဆေးရုံအုပ် ဦးခိုင်ထွန်းဇော်က ကျန်းမာရေးပညာပေး သိကောင်းစရာများအကြောင်း ရှင်းလင်း ဆွေးနွေးခဲ့ကြပြီး (၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံနယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများအား အခမဲ့ဆေးကုသခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရဲကိုမောင်(ပြန်/ဆက်)