ဆိပ်ဖြူ ဇန်နဝါရီ ၁၃
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်အတွက် စားသုံးဆီဖူလုံရေးအတွက် ဆောင်းနေကြာ စိုက်ပျိုးဆောင်ရွက်ထားရှိမှုနှင့် အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေများကို ဇန်နဝါရီ ၁၂ ရက်နေ့က ပခုက္ကူခရိုင် စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေး ကော်မတီဝင်များက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဒေသခံပြည်သူများ စားသုံးဆီဖူးလုံစေရန်နှင့် မိသားစုဝင်ငွေတိုးပွားစေရန် ဆိပ်ဖြူမြို့နယ်တွင် ဆီထွက်သီးနှံ ဆောင်းနေကြာကို (၇၅၈၅)ဧက စိုက်ပျိုးဆောင်ရွက်ထားရှိပြီး ပခုက္ကူခရိုင်အဆင့် ဆီထွက်သီးနှံနေကြာ (ဆင်းရွှေကြာ-၂RS-CS) မျိုးစေ့ထုတ် စံပြစိုက်ကွက် (၃၀) ဧကကို မြင်ကဝကျေးရွာအုပ်စု အောက်ဆိပ်ကျေးရွာတွင် စိုက်ပျိုးဆောင်ရွက်လျက်ရှိသည်။
ပခုက္ကူခရိုင်အဆင့် ဆီထွက်သီးနှံနေကြာ (ဆင်းရွှေကြာ-၂RS-CS) မျိုးစေ့ထုတ် စံပြစိုက်ကွက် (၃၀) ဧကကို ပခုက္ကူခရိုင် စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေး ကော်မတီဝင်များဖြစ်သည့် ပခုက္ကူခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်မာအေး၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ဆည်မြောင်း)မှ ခရိုင်ဦးစီးမှူး ဦးမြင့်ရှိန်၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)မှ ခရိုင်ဦးစီးမှူး ဦးရဲမင်းထွန်းနှင့်အဖွဲ့ဝင်များ မြို့နယ်အဆင့် စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေးကော်မတီဝင်များက ပခုက္ကူခရိုင်အဆင့် ဆီထွက်သီးနှံနေကြာ (ဆင်းရွှေကြာ-၂ RS-CS) မျိုးစေ့ထုတ် စံပြစိုက်ကွက် (၃၀) ဧကကို သွားရောက်ကြည့်ရှု၍ အောင်မြင်ဖြစ်ထွန်းမှု အခြေအနေများ၊ ဆီထွက်သီးနှံနေကြာ အောင်မြင်ဖြစ်ထွန်ရေးအတွက် ကျရောက်တတ်သော ပိုးမွှားအန္တရာယ်များနှင့် ကျေးငှက်တိရစ္ဆာန်များကြောင့် သီးနှံပျက်စီးမှုအန္တရာယ် မကျရောက်စေရန် တို့ကို လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် အောက်ဆိပ်ကျေးရွာ စိုက်ကွင်းအမှတ် ၁၁၂၃/ ၁၉၅၇ မှ တောင်သူ ဒေါ်ခင်သန်း၏ ရေဆင်းစပ်မျိုး(၁) နေကြာ(၁၀)ဧက စံကွက်ရိတ်သိမ်းပွဲ တက်ရောက် ခဲ့ကြပြီး တစ်ဧက (၅၁ ဒဿမ ၂၅)တင်းထွက်ရှိကြောင်းသိရှိရသည်။ ဆက်လက်၍ ပခုက္ကူခရိုင် စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေးကော်မတီဝင်များသည် အောက်ဆိပ်လျှပ်စစ်မြစ်ရေတင်ဧရိယာ၌ ဆောင်းသီးနှံ ကုလားပဲစိုက်ခင်းများနှင့် ဆောင်းနေကြာစိုက်ခင်းများကို လှည့်လည်ကြည်ရှုခဲ့ကြသည်။ ထို့နောက် တောင်သူဒေါ်သိန်းလှ၏ ဆောင်းနေကြာ စံပြစိုက်ခင်း၌ နေကြာသားခွဲစိုက်ပျိုးဆောင်ရွက်မှု အခြေအနေများကြည့်ရှုခြင်း၊ အောက်ဆိပ်လျှပ်စစ် မြစ်ရေတင်စီမံကိန်းက တောင်သူများ နွေသီးနှံစိုက်ပျိုး ဆောင်ရွက်နိုင်ရန် ရေပေးဝေနိုင်ရေးအတွက် ဧရာဝတီမြစ်မှ ပွန်တွန်းအထိ ရေခေါ်မြောင်းဆောင်ရွက်နေခြင်းနှင့် ရေဝပ်ကျင်းဆောင်ရွက်နေမှုများကို လည်းကောင်း၊ လျှပ်စစ်မြစ်ရေတင်မှ ပင်မမြောင်းမကြီးနှင့် လက်တံမြောင်းများ ပြုပြင်ထိန်းသိမ်းနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး သက်ဆိုင်ရာ တာဝန်ရှိသူများအားတောင်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် မိသားစုဝင်ငွေများ တိုးပွားစွာရရှိ ဆောင်ရွက်နိုင်စေရန်အတွက် စိုက်ပျိုးရေး နည်းပညာနှင့် စိုက်ပျိုးရေပြည့်ဝလုံလောက်စွာရရှိနိုင်စေရန် ဖြည့်ဆည်းဆောင်ရွက်သွားရေးတို့ကို လမ်းညွှန်မှာကြားပေးခဲ့ကြောင်း သိရသည်။
ကိုဇွဲ(အညာမြေ)