မြို့သစ်မြို့နယ်တွင် စာဖတ်ဝိုင်းကျင်းပ

မြို့သစ် ဇန်နဝါရီ ၁၃   

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာပေချစ်မြတ်နိုးသူအသင်း(Book Club)အဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်ပြည်သူ့စာကြည့်တိုက်(Community Centre)ခန်းမတွင် စာရေးဆရာအောင်သင်း၏ "ပညာနှင့်ကန်တော့ခြင်း"စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ်စာအုပ်စာပေချစ်မြတ်နိုးသူအသင်း (Book Club) အဖွဲ့ဝင် များဖြစ်သည့် ဦးကံရင်၊ ဦးတင်မောင်ဝင်းတို့မှ "ပညာနှင့်ကန်တော့ခြင်း"စာအုပ်တွင ပါဝင်သည့် သုတနှင့်ပညာ၊ ရှက်စရာအတွက်မျက်နှာပျက်၊ ပညာနှင့်ကန်တော့ခြင်း (၁/၂/၃)၊ တိုက်ကျောင်းနှင့်ကျောင်းတိုက်၊ ကျွဲမြီးတိုလက်ဝဲလကျာ်အစရှိသည့် ပညာနှင့်ဆိုင်ရာစာပေအကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ဝင်းအိဇွန် (ပြန်/ဆက်)