သဲကုန်းမြို့နယ်၌ သက်တမ်းလွန်ဆေးဝါးနှင့်တားမြစ်ဆေးဝါးများ ဥပဒေနှင့်အညီရောင်းချမှု ရှိ/ မရှိ စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းဆောင်ရွက်

သဲကုန်း ဇန်နဝါရီ ၁၃

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၌ မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေးကော်မတီ (FDA)အဖွဲ့မှ သဲကုန်းမြို့ပေါ်ရှိဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များအား သက်တမ်းလွန်ဆေးဝါးနှင့် တားမြစ်ဆေးဝါးများ ဥပဒေနှင့်အညီရောင်းချမှု ရှိ/ မရှိကို ယမန်နေ့က လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ရေးကော်မတီ (FDA)အဖွဲ့မှ မြို့ပေါ်ရှိဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်တို့အား သက်တမ်းလွန်ဆေးဝါးများရောင်းချမှု ရှိ/ မရှိတားမြစ်ဆေးဝါးများ ရောင်းချမှု ရှိ/ မရှိတို့ကို လိုက်လံစစ်ဆေးပြီး ဥပဒေနှင့်အညီ ရောင်းချရန်နှင့် ကျန်းမာရေး အသိပညာပေးခြင်းများကိုပါ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ် ပြန်/ ဆက်