တောင်ငူမြို့၌ မူးယစ်အန္တရာယ်အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

တောင်ငူ  ဇန်နဝါရီ  ၁၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယမန်နေ့နံနက် ၁၀ နာရီအချိန်တွင် တောင်ငူမြို့၊ ကောင်းမှုတော်(မူလွန်)ကျောင်း၌လည်းကောင်း၊ နေ့လယ် ၁ နာရီအချိန်တွင် ကင်းဆိပ်အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌လည်းကောင်း  မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်နယ်လှည့်စာကြည့်တိုက် စာအုပ်ငှားရမ်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အဆိုပါကျောင်းများမှ  ကျောင်းသား၊ ကျောင်းသူ(၃၀၀)ကျော်အား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်သူဇာဝင်းက မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းဖြင့်ဖြစ်ပေါ်လာမည့် စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများနှင့် ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများစသည်ဖြင့်  မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဆွေးနွေးဟောပြောခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်းပြသထားသော လူကုန်ကူးမှုအမြစ်မကျန် အားလုံးပါဝင်တွန်းလှန်ရန်၊ ကလေးအလုပ်သမားဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ မူးယစ်ဆေးဝါးအမျိုးမျိုးနှင့်မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များကို ကြည့်ရှု့လေ့လာကြပြီး စာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာဖတ်ရှုလေ့လာကြကြောင်း သိရသည်။

ဇော်ကိုကို (ပြန်/ဆက်)