နတ်မောက်မြို့နယ် မြို့မကွင်း၌ ပန်းနှမ်း(၅)ဧကစိုက်ခင်းအောင်မြင်ဖြစ်ထွန်း

နတ်မောက် ဇန်နဝါရီ ၁၃

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် ဆောင်းသီးနှံအဖြစ် စိုက်ပျိုးထားသည့် ပန်းနှမ်းများအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့မကွင်း၊ ကွင်းအမှတ်(၄၇၄) ပန်းနှမ်းစိုက်တောင်သူ ဦးကြည်ထွန်းထံမှ သိရသည်။

ကျွန်တော်ကတော့ ပန်းနှမ်းစိုက်ပျိုးတဲ့တောင်သူပါ ပန်းနှမ်းစိုက်ပျိုးမယ်ဆိုရင် မြေပြုပြင်ရာမှာ ထယ်ရေးညက်အောင် ပြုပြင်ရပါတယ်၊ ပန်းနှမ်းအထွက် ကောင်းအောင် သဘာ၀မြေဩဇာနဲ့ကွန်ပေါင်းမြေ ဩဇာတို့ကိုမြေခံအဖြစ်ထည့်ပါတယ်၊ ပန်းနှမ်းစေ့ဟာအလွန်သေးငယ်ပြီး ကြဲပတ်တဲ့အခါ အကျညီစေဖို့လိုပါတယ်၊ အပင်ငယ်တစ်ထွာခန့်တွင် တစ်ကြိမ်၊ ပန်းဖူးဝင်ခါနီးတစ်ကြိမ် ပေါင်းလိုက်ပေးရပါတယ်၊ ယခင်နှစ်က ပန်းနှမ်းတစ်ဧကကို (၇) တင်းထွက်ပါတယ်ဟု ပန်းနှမ်းစိုက်တောင်သူဦးကြည်ထွန်းက ပြောသည်။

လှဝင်း