ကျောက်ကြီးမြို့နယ်၌ အသက်(၅)နှစ်မှ (၁၂)နှစ် ကျောင်းသား/ ကျောင်းသူများအား ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ထပ်ဆောင်းကာကွယ်ဆေးထိုးနှံ

ကျောက်ကြီး ဇန်နဝါရီ ၁၃

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် အ.ထ.က(ခွဲ) ပဲခူးရပ်ကျောင်း၌ ယမန်နေ့ နံနက် ၉ နာရီအချိန်တွင် အသက် (၅) နှစ်မှ (၁၂) နှစ် ကျောင်းသား/ ကျောင်းသူများအား ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ထပ်ဆောင်းကာကွယ်ဆေးကို စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏စီမံမှုဖြင့် မြို့နယ် ကျန်းမာရေးဝန်ထမ်းများက အ.ထ.က (ခွဲ) ပဲခူးရပ်ကျောင်း၌ စုရပ်ပြုလုပ်ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ (၁၂)နှစ် ကျောင်းသား/ ကျောင်းသူများအား ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး တတိယအကြိမ် ထပ်ဆောင်းကာကွယ်ဆေး Sinopharm 5 Dose ကျောင်းသား (၁၉၇)ဦး၊ ကျောင်းသူ (၁၉၉)ဦး၊ စုစုပေါင်း (၃၉၆) ဦးအား ထိုးနှံ ပေးခဲ့ကြောင်းသိရပြီး၊ ကိုဗစ် - ၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကာကွယ်ဆေးအား အကြိမ်ပြည့် ထိုးနှံကြရန် လိုအပ်ကြောင်း မြို့နယ် ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ ပြန်ရေးကော်မတီက သိရသည်။

မြို့နယ် (ပြန်/ဆက်)