မောင်တော ဇန်နဝါရီ ၁၃
ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၏ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန် အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ကျောင်းသား၊ကျောင်းသူလေးများက စုံညီပွဲတော် တို့နွဲပျော် သီချင်းဖြင့် ဖျော်ဖြေပေးခဲ့ကြပြီး အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး မောင်ခင်ဝင်းက အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင် အငြိမ်းစားဆရာကြီး ဦးမောင်ဦးကြည်က ဝမ်းမြောက်ကြောင်း ဆုံးမဩဝါဒ စကားများ ပြောကြားခဲ့သည်။ ယင်းနောက် ကျောင်းသား၊ကျောင်းသူလေးများက ရခိုင့်ရိုးရာယိမ်း အကအလှများ ၊ တေးသီချင်းများဖြင့် ကပြ ဖျော်ဖြေပေးခဲ့ကြပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း ပညာရည်ချွန်ဆုနှင့် အားကစား ထူးချွန်ဆု ရရှိ သော ကျောင်းသား/သူများအား ကျောင်းအုပ်ဆရာကြီးနှင့် တာဝန်ရှိသူများက ဆုများ အသီးသီး ချီးမြှင့် ပေးကြကြောင်း သိရသည်။
သက်လွင်စိုး၊အောင်ကျော်စိန် (ပြန်/ဆက်)