ကြံခင်းမြို့တွင် အသက် (၂) လမှ (၁) နှစ်ခွဲအထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း၊ ဆေးတိုက်ခြင်းဆောင်ရွက်

ကြံခင်း ဇန်နဝါရီ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင်အသက် (၂) လမှ (၁) နှစ်ခွဲအထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းနှင့် ဆေးတိုက်ခြင်းကို ယနေ့နံနက် (၉) နာရီခွဲအချိန်က မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေး ဌာနတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေးထိုး၊ ဆေးတိုက်ရာတွင်အမျိုးသမီးကျန်းမာရေးဆရာမဒေါ်ဝင်းဝင်းကြည်နှင့် ဘက်စုံသားဖွားဆရာမများမှ အသက်(၂)လမှ (၁)နှစ်ခွဲအထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းနှင့် ဆေးတိုက်ခြင်းများကို ဆောင်ရွက်ပေးကြကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးခြင်းနှင့် ဆေးတိုက်ခြင်းလုပ်ငန်းအဖြစ် အသက်(၂)လမှ (၁)နှစ်ခွဲထိ ကလေးငယ်များအား ပိုလီယိုရောဂါ  ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါ(ရိုတာ) ကာကွယ်ဆေးများ တိုက်ကျွေးခြင်း၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ (BCG)တီဘီရောဂါ‌ကာကွယ်ဆေး၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဝက်သက်၊ ဂျိုက်သိုး၊ ပြင်းထန်အဆုတ်ရောင် ရောဂါကာကွယ်ဆေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား မေးခိုင်ကာကွယ်ဆေးများကို ထိုးနှံ၊ တိုက်ကျွေးပေးကြောင်း  မြို့နယ် ကျန်းမာရေးဌာနမှ တာဝန်ရှိသူထံက သိရသည်။

မြို့နယ်( ပြန်/ဆက်)