မင်းကင်းမြို့၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေးကျင်းပ

မင်းကင်း ဇန်နဝါရီ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီမှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မင်းရာဇာခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်းက အမျိုးသားကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဆုံးဖြတ်ချက်များ၊ လုပ်ငန်းကော်မတီတစ်ခုချင်း၏ လုပ်ငန်းတာဝန်များကို အသေးစိတ်ရှင်းလင်းပြီး‌နောက် တက်ရောက်လာကြသော ကော်မတီဝင်များက မိမိတို့ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်မှုအ‌ခြေအနေများကို တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မင်းကင်းမြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်းနှင့်ကော်မတီဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ ဆက်)