လဟယ် ဇန်နဝါရီ ၁၂
စစ်ကိုင်တိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၁၅) ရက်နေ့တွင် ကျရောက်မည့်နာဂရိုးရာနှစ်သစ်ကူးပွဲတော် အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ယနေ့ နံနက် ၉ နာရီအချိန် လဟယ်မြို့ ရွှေပြည်သာအားကစားကွင်း၌ ကျင်းပဆောင်ရွက်လျက် ရှိပါသည်။
၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၁၅) ရက်နေ့တွင်ကျရောက်မည့် နာဂရိုးရာနှစ်သစ်ကူးပွဲတော် အထိမ်းအမှတ် အားကစားပြိုင်ပွဲများ၌ ဘော်လီဘော (ကျား/မ)၊ ပိုက်ကျော်ခြင်း (ကျား)၊ ကြက်တောင်ရိုက် (ကျား/မ) (၃) ယောက်တွဲ၊ ကြက်တောင်ရိုက် (ကျား) တစ်ဦးချင်း၊ ကြက်တောင်ရိုက (ကျား/မ) (၂)ယောက်တွဲ၊ ကြက်တောင်ရိုက် (မ) (၂) ယောက်တွဲ၊ သံလုံးပစ် (ကျား/မ) ၊ လွန်ဆွဲ (ကျား/မ) ၊ ချောတိုင်တက် (ကျား) ၊ စားပွဲတင်တင်းနစ် (ကျား) ၊ မာရသွန် (ကျား) ၊ မီနီမာရသွန် (မ) ၊ ခေါင်းအုံးရိုက် (ကျား) စသည့်ပြိုင်ပွဲ (၁၂) ပွဲကို ကျင်းပဆောင်
ရွက်လျက်ရှိကြောင်း မြို့နယ် အား/ကာမှူးရုံးမှ သိရှိရပါသည်။
မြို့နယ် (ပြန်/ဆက်)