လပွတ္တာမြို့၌​မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးဝန်းအတွင်း သက်တမ်းနှစ် (၉၀) ကျော်ခန့်ရှိ ကညင်ဖြူပင်တွေ့ရှိ

လပွတ္တာ ဇန်နဝါရီ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ အမှတ် (၅)ရပ်ကွက်၊ စိန်ရတုလမ်းရှိမြို့နယ် ကျန်းမာရေးဦးစီးဌာနဝန်းအတွင်း သက်တမ်းနှစ် (၉၀)ကျော်ခန့်ရှိ ကညင်ဖြူပင်ပေါက်ရောက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကညင်ဖြူပင်ကြီးမှာ သက်တမ်းနှစ် (၉၀) ကျော် ခန့်ရှိပြီး ရင်စို့လုံးပတ် (၁၃) ပေ (၆) လက်မ၊ ခန့်မှန်းအမြင့်ပေ (၁၃၀) ခန့် ရှိပြီး သစ်တောဦးစီးဌာနမှ တွေ့ရှိထိန်းသိမ်းထားကြောင်း သိရသည်။ ကညင်ပင်မျိုးများတွင် ကညင်နီ၊ ကညင်ဖြူ၊ ကညင်ပြန်၊ ကညင်ကုပ်၊ ကညင်ကြောင်ချေး၊ ကညင်ဝက်တောင်းဟူ၍ အမျိုးမျိုးကွဲပြားလျက်ရှိရာ အထက်မြန်မာနိုင်ငံ၌ ကညင်နီပင်များ ပေါက်ရောက်သည်ကို တွေ့ရှိရပြီး အောက်မြန်မာနိုင်ငံ၌ ကညင်ဖြူပင်များ ပေါက်ရောက်သည်ကိုတွေ့ရှိရကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

လပွတ္တာခရိုင် (ပြန်/ဆက်)