ညောင်လေးပင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းကာ နယ်လှည့်အသိပညာပေး ဟောပြောပွဲကျင်းပ

ညောင်လေးပင် ဇန်နဝါရီ ၁၂


ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၊ မုက္ခမူကျေးရွာ၊ အခြေခံပညာမူလတန်း(လွန်)ကျောင်း၌  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းကာ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် စားသုံးသူရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးမှ အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မိုးစန္ဒာဝင်းမှ တက်ရောက်လာသော ကျောင်းသားကျောင်းသူများအား မူးယစ်ဆေးဝါး၏ အန္တရာယ်ကြီးမားမှု၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်လာနိုင်သော အကျိုးဆက်များအား အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ယဥ်ယဥ်ထွေးမှ စားသုံးသူရေးရာနှင့်သက်ဆိုင်သောအကြောင်းအရာများ၊ စားသုံးသူများ၏ အခွင့်အရေးနှင့်ပတ်သတ်သော အကြောင်းအရာများအား အသိပညာပေးဟောပြောခဲ့ကြောင်းသိရသည်။
အဆိုပါဟောပြောပွဲသို့ စာသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ပြန်ကြားနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော နံရံကပ်စာစောင်များအား ကျောင်းသားကျောင်းသူများက စိတ်ဝင်တစားကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ် ပြန်/ ဆက်