ဝေါမြို့လူထုအခြေပြုဗဟိုဌာန Community Centre ၌ အနာဂတ် ကြယ်ပွင့်များ၏ မိုးကောင်းကင်စာအုပ်ဖြင့်   စာဖတ်ဝိုင်းကျင်းပ

ဝေါ ဇန်နဝါရီ ၁၂

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (Book Club) အဖွဲ့ဝင်တို့ပူးပေါင်းကာ ဝေါမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် (၁၀)နာရီ အချိန်က အနာဂတ်ကြယ်ပွင့်များ၏ မိုးကောင်းကင် စာအုပ်ဖြင့် စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစိုးမိုးအောင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားပြီး အနာဂတ် ကြယ်ပွင့်များ၏ မိုးကောင်းကင်စာအုပ် ရှင်းလင်းပြောကြားသည်။

ထို့နောက် (Book Club) အဖွဲ့ဝင်များနှင့် ရင်သွေးများအား ပျော်ရွှင်စွာ ပြုစုပျိုးထောင်ခြင်း၊ ကိုဝန်ဘဝမှ စတင်ပြင့ဆင်ခြင်း၊ မွေးကင်းစများကို ပထမ ၄၈ နာရီတွင်ဂရုတစိုက် စောင့်ရှောက်ပေးရမည့်အချက်များ၊ သေးငယ်လွန်သော မွေးကင်းစကလေးငယ်များကိုပြုစုခြင်း၊ အရေးကြီးသော မွေးကင်းစအသားဝါခြင်းတို့နှင့် ပတ်သက်သည့်အကြောင်းအရာများအား ဖတ်ကြားဆွေးနွေးခဲ့ကြပြီး သိရှိလိုသည့်အချက်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန်/ ဆက်)