ဝေါ ဇန်နဝါရီ ၁၂
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ လူကုန်ကူးမှုပပျောက်ရေး အသိပညာပေး (Talk Show) ကို ယနေ့နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးစိုးမိုးအောင်က လူကုန်ကူးမှုနှင့် ပတ်သက်၍ အမျိုးသမီးများရင်ဆိုင်ကြုံတွေ့နေရသည့် အကြမ်းဖက်မှုအန္တရာယ်မှပပျောက်ရန် ရည်ရွယ်ချက်ဖြင့် အသိပညာပေး ဆွေးနွေးပွဲဆောင်ရွက်ရခြင်းကို ရှင်းလင်းပြီး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်ချစ်စုထက်က လူကုန်ကူးမှုပပျောက်စေရန်အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာ ကော်မတီအနေဖြင့် အမျိုးသမီးများအခွင့်အရေးမြှင့်တင်ဖော်ဆောင်သည့် လုပ်ငန်းစဉ်များ၊ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုအန္တရာယ်မှ ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများတွင် မိမိတို့အသင်းအဖွဲ့အနေဖြင့် အမျိုးသမီးများအပေါ် ဖိနှိပ်ချုပ်ချယ်ဆက်ဆံခြင်း
နှင့်အကာအကွယ်ပေးခြင်း ဥပေဒေပြဋ္ဌာန်းချက်များ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်လူကုန်ကူးခြင်းအား အရေးယူဆောင်ရွက်နိုင်မှု ဥပဒေနည်းဥပဒေပြဋ္ဌာန်းချက်များနှင့် တရားစွဲဆိုခြင်း ပြစ်မှုပြစ်ဒဏ်များနှင့် အမျိုးသမီးများ၏ တရားစွဲဆိုနိုင်ခွင့် အခွင့်အရေးများနှင့် ပတ်သက်၍ ဆောင်ရွက်ရသည့် အသိပညာပေးလုပ်ငန်းများနှင့် ဘဝရပ်တည်မှုဆိုင်ရာ ကူညီစောင့်ရှောက်ရေးလုပ်ငန်းတို့ကို အကျယ်တဝင့်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ ဆက်)