ကျောင်းသား/ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရေးအသိပညာပေး ဟောပြော

ဖြူး ဇန်နဝါရီ ၁၂

ကျောင်းသား/ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတများ ရရှိစေရေးအတွက် ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီက ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ဖြူးမြို့နယ်၊ ထန်းကုန်းအလယ်တန်းကျောင်း(ခွဲ) ပညာမွန်ခန်းမ၌ ဖြူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဖြူးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍  အသိပညာပေးဟောပြောခြင်းများကို ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

အသိပညာပေးရာတွင် ဖြူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီး အရာရှိဒေါ်အိမာဟိန်းက မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီး ကာကွယ်ရေးဆိုင်ရာအကြောင်းတို့ကိုလည်းကောင်း၊ ဖြူးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးက စားသုံးသူအခွင့်အရေးဆိုင်ရာများ၊ စားသုံးသူကာကွယ်ပေးရေးဆိုင်ရာ ဥပဒေများ အကြောင်းတို့ကိုလည်းကောင်း ဟောပြောခဲ့ကြကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၂၀၀)ဦးခန့် တက်ရောက်ကြကြောင်းနှင့် အခမ်းအနားအပြီးတွင် မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်ပြဘုတ်များ ပြသပေးခဲ့ကြကြောင်း  သိရသည်။

နေမျိုးလွင်(ပြန်/ ဆက်)