မီးဘေးသင့်နေအိမ်(၁၅)လုံးမှ မိသားစုများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများ ကျွေးရွာအရောက် သွားရောက်ထောက်ပံ့

မိုးညို ဇန်နဝါရီ ၁၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ သာယာကုန်းကျေးရွာအုပ်စုမှ က္ကတန်ကျေးရွာတွင် ဖြစ်ပွားခဲ့သော မီးဘေးသင့် နေအိမ်(၁၅)လုံးမှ မိသားစုများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများကို ယမန်‌နေ့ ညနေ ၄ နာရီက ကျေးရွာအရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ သွား‌ရောက်ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသိဒ္ဓိနှင့် အဖွဲ့ဝင်များ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သန္တာဦးလွင်နှင့် ဝန်ထမ်းများ၊ ခရိုင်မီးသတ်တပ်ဖွဲ့နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာ‌ရေးဝန်ထမ်းတို့က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့ ပေးအပ်သည့်  မီးဘေးသင့်နေအိမ်(၁၅)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့‌ငွေ (၂၀၀၀၀၀၀/-)ကျပ်၊ အိမ်ထောင်စု(၁၅)စုရှိ လူဦးရေ (၄၅)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၉၄၅၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၂၀၉၄၅၀၀/-) ကျပ်နှင့် ပျက်စီးနေအိမ် (၁၅)လုံးအတွက် ထောက်ပံ့ရေးပစ္စည်း(၁၇)မျိုး (ပလပ်စတစ်ပုံး)အပါ (၁၅)အိမ်ထောင်စာတန်ဖိုးငွေ (၇၃၅၅၄၀/-) ကျပ်နှင့် ကတ္ထူပုံး(၁၅)ပုံးတို့အား မီး‌ဘေးသင့်ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုမင်း(ပြန်/ဆက်)