ကျောက်ဖြူမြို့၊ ကျောက်တစ်လုံး IDPs စခန်း၌ မီးဘေးအန္တရာယ်ကင်းဝေးစေရေး မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေး

ကျောက်ဖြူ ဇန်နဝါရီ ၁၂

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ ကျောက်တစ်လုံး IDPs စခန်း၌ ခိုလှုံနေပြည်သူများအား မီးဘေးအန္တရာယ်မကျရောက်စေရန်အတွက် ယနေ့နံနက်ပိုင်းက မီးသတ်တပ်ဖွဲ့ဝင်များမှ အဆိုပါ ခိုလှုံရာစခန်းသို့သွားရောက်၍ မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးမှုကို ကျောက်ဖြူမြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးမင်းသူ ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အမှတ်(၁)တပ်ခွဲ၊ ကျောက်တစ်လုံး လုံခြုံရေးရဲကင်းစခန်း၊ အမှတ်(၃၂) လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များနှင့် ဂုံးချွိန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့ပါဝင်သည့် ပူးပေါင်းအဖွဲ့တို့က ခိုလှုံရာကျောက်တစ်လုံး IDPs စခန်းသို့သွားရောက်ပြီး ၎င်းစခန်းနေပြည်သူများ၏နေအိမ်များ၌ သွယ်တန်းထားရှိသော ဝါယာကြိုးများပေါက်ပြဲဆွေးမြေ့နေမှုရှိ/မရှိ၊ မီးသုံးစွဲမှုစနစ်တကျ ရှိ/မရှိ၊ အရေးပေါ်မီးသတ်ဆေးဘူးများထားရှိမှု ရှိ/မရှိ၊ မီးသတ်ကတ်များ၊ မီးသတ်ခွင်းများနှင့် အရေးပေါ်မီးငြှိမ်းသတ်နိုင်ရန် ရေလှောင်ကန်များတွင် ရေသိုလှောင်ထားရှိမှုတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာအချက်အလက်များနှင့် မီးလောင်မှု၊ မီးလန့်မှုများမဖြစ်ပေါ်စေရေးတို့ကို အကြံပြုမှာကြားခဲ့ကြောင်း သိရှိရသည်။

ဖြိုးဝေလင်း