ပေါင်းတည်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre တွင် စာရေးဆရာအောင်ကိုဦး (UMK) ၏ "လူငယ်တွေစဉ်းစားဖို့" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ပေါင်းတည် ဇန်နဝါရီ ၁၂

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူအသင်း Book Club အဖွဲ့ဝင်များ၊ စာဖတ်ဝါသနာရှင်များ ပူးပေါင်း၍ ယမန်နေ့ နေ့လည် ၂နာရီ အချိန်က စာရေးဆရာ အောင်ကိုဦး (UMK) ရေးသားထားသည့် "လူငယ်တွေစဉ်းစားဖို့ "စာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးဆင့်က လူတိုင်းစာဖတ်သည့် အလေ့အကျင့်ရရှိစေရန်နှင့် ဖတ်ရှုသည့်အသက်အရွယ်အလိုက် စာပေဗဟုသုတတိုးပွားရရှိပြီး အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် လူငယ်တွေစဉ်းစားဖို့ "စာအုပ်ပါစာစုများမှ လူငယ်နှင့်အခွင့်အလမ်း၊ လူငယ်နှင့်ရွေးချယ်မှု၊ လူငယ်နှင့်စိန်ခေါ်မှုများ စသည့်အကြောင်းအရာများကို ဦးစီးမှူးနှင့်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင် စာပေဝါသနာရှင်များက ဖတ်ရှုဆွေးနွေးကြပြီး ၄င်းတို့၏ အတွေးအမြင်များကို ပြန်လည်မျှဝေဆွေးနွေးခဲ့ကြောင်း သိရသည်။

အေးအေးဆင့်(ပြန်/ ဆက်)