ရွှေတောင် ဇန်နဝါရီ ၁၂
ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ရွှေတောင်မြို့နယ်၏ ၂၀၂၃ ခုနှစ် ဇန်နဝါရီ လအတွင်းကျေးရွာ (၁၀) ရွာစီစစ်ရွေးချယ်၍ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးတောင်သူ အသိပညာပေးကွင်းဆင်းခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့ရာ ယမန်နေ့ နေ့လယ်ပိုင်းက မြောင်းတပ်ကျေးရွာအုပ်စု၊ တွင်းတော်ကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင် ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့ကျေးလက်လမ်းဦးစီးမှူး၊ မြို့နယ်စီမံကိန်းဦးစီးမှူး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးမှူး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးမှူး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့မှ တာဝန်ရှိသူများလိုက်ပါ၍ သက်ဆိုင်ဌာနအလိုက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ဆောင်းနေကြာလျာထားဧက ပြည့်မီကျော်လွန်စွာ စိုက်ပျိုးနိုင်ရေး ဒေသခံတောင်သူများအား အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့ကြပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ EM ဘိုကာရှီသဘာဝဓါတ်မြေသြဇာပုံနည်းအဆင့်ဆင့်နှင့် ဆေးရွက်ကြီးဆပ်ပြာပိုးသတ်ဆေး သုံးစွဲပုံအဆင့်ဆင့်တို့အား လက်တွေ့သရုပ်ပြသခဲ့ရာ ဒေသခံတောင်သူ ( ၁၂၁)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် ( ပြန် / ဆက်)