လေးမျက်နှာ ဇန်နဝါရီ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ပညာရေးမှူးရုံး ပညာရတနာခန်းမတွင် ယနေ့ နံနက်ပိုင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို အ.ထ.က လေးမျက်နှာကျောင်းသားကျောင်းသူများမှ ကမ္ဘာ့အဆင့်မှီ ပညာရည် သီချင်းဖြင့်ဖွင့်လှစ်ပေးခဲ့ပြီး ဟင်္သာတခရိုင်ပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးတိုးဝင်းမှ ယခုလိုတိုင်းခရိုင်မြို့နယ်အဆင့် ဘက်စုံထူးချွန်ဆုရ ကျောင်းသားကျောင်းသူများနည်းတူ အခြေခံပညာကျောင်းသားကျောင်းသူအားလုံးကိုလည်း ထူးချွှန်ထက်မြက်၍ လူတော်လူကောင်းများပေါ်ထွန်းလာစေရေး ဆရာဆရာမများနှင့် ဝိုင်းဝန်းကြိုးပမ်း အားထုတ်ကြရန်၊ မကြာမီတက္ကသိုလ်ဝင်စာမေးပွဲများ ကျင်းပပြုလုပ်မည် ဖြစ်သောကြောင့် အောက်ချက်မြင့်မားရေးကြိုးစားကြရန် အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ လေးမျက်နှာမြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးတင်ဦးမှ တိုင်းခရိုင် မြို့နယ်ဆုရသူများကိုယ်စား ဝမ်းမြောက်ဂုဏ်ယူကြောင်း၊ လူရည်ချွှန်များဖြစ်လာစေရေး ဆက်လက်ကြိုးစားကြရန်နှင့် မြို့နယ်ပညာရေးမှူး ဒေါ်ငွေဋ္ဌေးမှ အခြေခံပညာကျောင်းများတွင် ပညာရေးစုံညီပွဲတော်များ ကျင်းပလျက်ရှိသည့် အခြေအနေနှင့် တက္ကသိုလ်ဝင်စာမေးပွဲများကျင်းပမည့် အချိန်စာရင်းများကိုပြောကြားခဲ့သည်။ ထို့နောက် ဟင်္သာတခရိုင် ပညာရေးမှူးဒုတိယညွှန်ကြားရေးမှူး ဦးတိုးဝင်း၊ လေးမျက်နှာမြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူးရဲ့ရင့်နောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးဒေါ်ငွေဋ္ဌေးနှင့် မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများမှ တိုင်းခရိုင်မြို့နယ်အဆင့် ဘက်စုံထူးချွန်ကျောင်းသားကျောင်းသူများအား ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြသည်။
အခမ်းအနားသို့ ဟင်္သာတခရိုင်ပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးတိုးဝင်း၊ လေးမျက်နှာမြို့နယ် စီမံအုပ်ချူပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူးရဲ့ရင့်နောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးဒေါ်ငွေဋ္ဌေးနှင့် မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့်ဆုရ ကျောင်းသားကျောင်းသူများစုစုပေါင်း (၁၂၀) ဦးတက်ရောက်ခဲ့ကြသည်။
ကျော်ဟိန်း (ပြန်/ဆက်)