ကျုံပျော် ဇန်နဝါရီ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် တိုက်နယ်ကြီး (၅) ခုရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများ၌ လူဦးရေစာရင်းများမှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်း လူဦးရေစာရင်း ကောက်ယူရေးလုပ်ငန်းများကို စာရင်းကောက်ယူရေးအဖွဲ့များက တစ်အိမ်တက်ဆင်း စာရင်းများ ကောက်ယူလျက်ရှိကြောင်း သိရသည်။
ထိုသို့ အိမ်ထောင်စုစာရင်းများကောက်ယူရာတွင် နိုင် - ၄ မှတ်တမ်းများ ပြည့်စုံမှန်ကန်စေရေး စိစစ်ဖြည့်သွင်းခြင်း၊ အခြားမြို့နယ်ရှိ အိမ်ထောင်စုစာရင်းကိုင်ဆောင်သူများနှင့် အိမ်ထောင်စုစာရင်းမရှိသူ၊ ရွှေ့ပြောင်း၊ ပျံကျများအား အိမ်ထောင်စု (အလွတ်) ဖြင့် ကောက်ယူခြင်း၊ Server အတွင်းရှိ အိမ်ထောင်စုစာရင်းများတွင် မှတ်ပုံတင်နံပါတ်နှင့်အချက်အလက်များ ပြည့်စုံမှန်ကန်နိုင်စေရေး ဖြည့်သွင်းခြင်း၊ မသန်စွမ်း (၅) မျိုးစာရင်း စနစ်တကျကောက်ယူခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
အဆိုပါစာရင်းများကောက်ယူရာတွင် အဆင်ပြေစေရေးအတွက် မြို့နယ် Working Group မြေပြင် ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျမင်း၊ မြေပြင်ကွင်းဆင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီ အတွင်းရေးမှူးမြို့နယ်လဝက ဦးစီးမှူး ဦးခင်စိုးနှင့်ဌာနဆိုင်ရာအကြီးအကဲများ တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျှက်ရှိကြောင်း၊ ကျုံပျော်မြို့နယ်တွင် ရပ်ကွက် (၈) ခု ကျေးရွာအုပ်စု (၈၉) အုပ်စု၊ စုစုပေါင်း (၉၇) ခုတွင် ကွင်းဆင်းစာရင်း ကောက်ယူရေးအဖွဲ့များက ဇန်နဝါရီလ ၉ ရက်နေ့မှ ၃၁ ရက်နေ့ထိ စာရင်းကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
လပြည့်ဦဂ (ပြန်/ဆက်)