ငပုတော ဇန်နဝါရီ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အတွင်းရေးမှုး ဦးထွန်းမျိုးသန့်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ ညနေ (၅) နာရီအချိန်က အနောက်ပိုင်းရပ်ကွက်ရှိ တောင်သူဦးစန်းဝင်း၏ ရာသီပေါ်သီးနှံစိုက်ခင်းနှင့် တောင်သူဦးကြည်ဝင်း၏ ရာသီပေါ်သီးနှံများအား ကွင်းဆင်းကြည့်ရှု့ခဲ့သည်။
အဆိုပါ ရာသီပေါ်သီးနှံစိုက်ခင်းတွင် ရုံးပတီသီး၊ သခွားသီး၊ ချဉ်ပေါင်ရွက်၊ ကန်စွန်းရွက်၊ ဘူးပင်၊ ငရုတ်၊ ဆလပ်ရွက်၊ မုန်လာပင်၊ ဖရဲပင်နှင့် အခြားသောရာသီပေါ်သီးနှံပင်များအား စိုက်ပျိုးထားမှုအားကြည့်ရှု့ပြီး တောင်သူများနှင့်တွေ့ဆုံကာ အထွက်နှုန်းကောင်းမွန်စေရေး၊ ပိုးမွှားအန္တရာယ်မကာကွယ်နိုင်ရေးနှင့် လိုအပ်သည်များကို မှာကြားခဲ့သည်။
ဆက်လက်ပြီး မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် တာဝန်ရှိသူများသည် တောင်သူဦးကျော်ဝင်း၏ နေကြာစိုက်ခင်းအား ကြည့်ရှု့ခဲ့ပြီးနောက် ရိုးပြတ်ကျန်ဧကများမရှိစေရေးနှင့် အချိန်မှီစိုက်ပျိုးနိုင်ရေးအတွက် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
အောင်သူ (ငပုတော)