ချောင်းသာ ဇန်နဝါရီ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ပြည်သူများ လျှပ်စစ်ဓါတ်အားပြည့်ဝစွာ အသုံးပြုနိုင်ရေး၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးတို့အတွက် ယနေ့ နံနက် ၈ နာရီက ချောင်းသာမြို့ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူများက ဓာတ်အားလိုင်းများနှင့် ထရန်စဖော်မာများ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ မြေပြင်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးဥက္ကာကျော်နှင့် ဝန်ထမ်းများက ၁၁/၀.၄ ကေဗွီ ထရန်စဖော်မာများ၏ ကြံခိုင်မှုစစ်ဆေးခြင်း၊ ၁၁ ကေဗွီ ဓာတ်အားလိုင်းများနှင့် ၄၀၀ ဗို့ ဓာတ်အားလိုင်းများ၏ ကြံ့ခိုင်မှုများစစ်ဆေးခြင်း၊ ချောင်းသာမြို့၊ ဥတိုကျေးရွာ၌ ပြည်သူများ လျှပ်စစ်ဓါတ်အားပြတ်တောက်မှု လျော့နည်းကျဆင်းစေရန်ရည်ရွယ်၍ ဓာတ်အားလိုင်းနှင့်မလွတ်ကင်းသည့် သစ်ကိုင်းများ ခုတ်ထွင်ခြင်းလုပ်ငန်းကို စနစ်တကျ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချောင်းသာ (ပြန်/ဆက်)