ကျွန်းလှ ဇန်နဝါရီ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ နေအိမ်ဝင်းများအတွင်း အာဆီယံသပြေစိုက်ပျိုးခြင်းဖြင့် မိသားစုအတွက် ပုံမှန်ဝင်ငွေရရှိနေကြောင်း သိရသည်။
“ကျွန်တော်ရဲ့ နေအိမ်ဝင်းအတွင်း အာဆီယံသပြေအပင် (၃၀၀) စိုကိပျိုးထားပါတယ်။ စိုက်ပျိုးရာမှာ ကုန်ကျစရိတ်နဲ့ အပင်ပြုစုရတာ သက်သာပါတယ်။ အခုဆောင်းရာသီမှာ ပန်းလေးခက်တစ်စည်းကို ငွေကျပ် ၅၀၀ ရောင်းရပါတယ်။ မိသားစုအတွက် နေ့စဉ် ဝင်ငွေကျပ် ၁၅၀၀၀ ရရှိပြီး တိုးချဲ့စိုက်ပျိုးဖို့ ရည်ရွယ်ထားပါတယ်” ဟု အာဆီယံသပြေ စိုက်ပျိုးသူတစ်ဦးက ပြောသည်။
ကျွန်းလှမြို့နယ်တွင် စိုက်ပျိုးရေးကိုအဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး နေအိမ်ခြံဝင်းများအတွင်း ပန်းမျိုးစုံ၊ ဟင်းသီးဟင်းရွက် မျိုးစုံစိုက်ပျိုးကြကြောင်း၊ မိသားစုပုံမှန်ဝင်ငွေ ရရှိနေကြကြောင်း သိရသည်။
မျိုးဝင်းညို (ကျွန်းလှ)